နေပြည်တော် ၁၃  မတ် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့စိုက်ပျိုးရေးကဏ္ ဍရှင်သန်နိုးကြားမှု မြှင့်တင် ခြင်းစီမံကိန်း( FARM PROJECT) မှ ပိုးမွှားရောဂါကာကွယ်နည်းနှင့် မျိုးစေ့နည်းပညာသင်တန်းကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်၊ အောင်ဇေယျစိုက်ပျိုးရေး အသိပညာပေးစင်တာတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။  

     

သင်တန်းတွင် နေပြည်တာ်တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြမြလွင်က မူရင်းဒေသပျံ့နှံ့ပုံ၊ စားသောက်ဖျက်စီးသည့်အပင်များ၊ အခြားငမြှောင်တောင်များနှင့်ခွဲခြားနိုင်သည့်လက္ခဏာများ၊ ဖက်စီးမှုလက္ခဏာများ၊ ငမြှောင်တောင်ရုတ်တရက်ဆိုးရွားစွာ ဖျက်ဆီးရခြင်း အကြောင်းအရင်း၊ ကာကွယ်နှိမ်နင်းခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း စသည့်အကြောင်းအရာများကို ဦးဆောင်သင်ကြားပေးသွားမည်ဖြစ်ပြီး " ဆိုးဝါးစွာကျရောက်နေသော FAW ငမြှောင်တောင်အကြောင်းကို ဒေသရှိတောင်သူများ ကြိုတင်သိရှိနိုင်စေရန်၊ ကြိုတင်သိရှိခြင်းဖြင့် ကာကွယ်ရေး နည်းစနစ်များ လုပ်ဆောင်နိုင်စေရန်၊ ကျရောက်လာပါက မှန်ကန်သောနည်းစနစ်များဖြင့် ဖြေရှင်းနိုင်စေရန်နှင့် သီးနှံအထွက်နှုန်းများ FAW ပိုးကြောင့် ကြီးမားသောဆုံးရှုံးမှုမဖြစ်စေရန်ရည်ရွယ်ချက်များဖြင့် သင်ကြားပို့ချခြင်းဖြစ်သည်" ဟု ခေတ်အေး KC မန်နေဂျာဦးမျိုးမင်းထွေး၏ ပြောပြချက်အရ သိရှိရသည်။  

 

အဆိုပါသင်တန်းကို မတ်လ ၈ ရက်နေ့မှစတင်၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ စိမ်းစားပင်ကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ ကျောက်ချက်ကျေးရွာ၊ စည်ပင်သာယာကျေးရွာနှင့် ခေတ်အေးကျေးရွာတို့ရှိ  KC စင်တာများတွင် တောင်သူများအား ဖွင့်လှစ်သင်ကြားပို့ချပြီးဖြစ်ကြောင်း သိရသည်။

 

ထွန်းလင်း(ပြန်/ဆက်)

 

_DSC