ဝန်းသို ၁၃ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အလှပြင်သင်တန်းဖွင့်ပွဲကို မတ် ၁၂ ရက် နံနက် ၁၀ နာရီက ဝန်းသိုမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်နှင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် အခြေခံ အလှပြင်သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသူများထံသို့ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းသို့ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ  သင်တန်းသူစုစုပေါင်း ၂၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၁၂ ရက်မှ ၂၆ ရက်ထိဖြစ်ကြောင်း သိရသည်။ 

 

မင်းမြင့်မိုရ်(ငါန်းဇွန်)