ရန်ကုန် ၁၀ စက်တင်ဘာ
ဒဂုံဆိမ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁ တွင် ယနေ့ ည ၇ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level(2) အုပ်စုယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါမီးလောင်မှုကို ည ၇ နာရီခွဲတွင် Level 3 သို့လည်းကောင်း၊ ၇ နာရီ မိနစ် ၅၀ တွင် Level 4 သို့လည်းကောင်း သတ်မှတ်ပြီး ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
MDN


