ရန်ကုန် ၂၃ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာ၊ တိုက်- B 3၊ ပထမထပ်၊ အခန်း-၂၀၂ တွင် အောက်တိုဘာ ၂၃ ရက် နံနက် ၅ နာရီ ၄၃ မိနစ်က စတိုခန်းအတွင်း အင်္ကျီများအား ချိတ်လျက်တိုက်သည့် မီးပူအား ပလပ်မဖြုတ်ဘဲထားရာမှ အပူလွန်ကဲပြီး အနီးရှိအဝတ်နှင့် စာအုပ်အချို့အား မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုအား အခန်းတွင်နေထိုင်သူ မခိုင်မွန်ကျော်မှ အခန်းတွင်းရှိ မီးသတ်ဆေးဘူးနှင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့က မီးသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၄) စီးတို့နှင့်အတူ ရောက်ရှိပြီး အပူရှိန်ရှိနေသော အခန်းအား ရေဂါလံ ၅၀ ဖြင့် အအေးပေး ရေဖြန်းခြင်းဆောင်ရွက်ခဲ့ပြီး မီးပေါ့ဆသူ မခိုင်မွန်ကျော်အား မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)


