ရန်ကုန် ၂၆ အောက်တိုဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ပြည်ထောင်စုလမ်းမပေါ် မ.ဝ.တလမ်းဆုံတွင် YBS (၂၄)ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီး လမ်းမပေါ်ရှိ ဓါတ်တိုင်အား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသန့်ဇော်မြင့် မောင်းနှင်လာသော YBS (၂၄)ယာဉ်လိုင်းမှ ယာဉ်သည် ပြည်ထောင်စုလမ်းအတိုင်း တောင်မြောက်လမ်းဆုံဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓါတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါလာသူ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်မောင်းသန့်ဇော်မြင့် အား ဥပဒေအရ အရေးယူဆောင်ရွက်လှျက်ရှိကြောင်း သိရသည်။
ခင်ယုမွန်(ပြန်/ဆက်)


