နေပြည်တော် ၂၆ စက်တင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် လေးထောင့်ကန်ရပ်ကွက် အမှတ်(၂)လမ်းမကြီးဘေးတွင် စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီ မိနစ် ၅၀ ခန့်က ဆီဘောက်စာယာဉ် ၁ စီး တိမ်းမှောက်ပြီး လောင်စာဆီများ ယိုစိမ့်မှုဖြစ်ပွားသဖြင့် မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လေးထောင့်ကန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် မီးလောင်မှု မဖြစ်ပွားစေရေး ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

5

 

MDN