ရန်ကုန် ၂၃ ဖေဖော်ဝါရီ


ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် မုခ်ဦးနှင့် ကျောက်စာတိုင်ဖွင့်ပွဲ မဟာမင်္ဂလာနှင့် သောတုဇနကျောင်းသားသစ် ရဟန်းတော်များ ကြိုဆိုပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ ကျင်းပသည်။


ရှေးဦးစွာ ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် မုခ်ဦးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောက်စာတိုင်ကမ္ပည်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

အခမ်းအနားတွင် ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်၏ နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတနှင့် တွဲဖက်ရွှေကျင်သာသနာပိုင် စည်ရှင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဧည့်ပရိသတ်များက သြဝါဒကထာ နာယူကြည်ညိုကြသည်။


ထို့နောက် ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒက ကြိုဆို နှုတ်ခွန်းဆက်စကား မိန့်ကြားသည်။

 

123


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပါရဂူတန်း၊ မဟာဝိဇ္ဇာတန်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း သင်တန်းသားသစ် ရဟန်းတော် ၃၅ ပါးအား သင်တန်းသား အသိအမှတ်ပြုကတ်များနှင့် အမှတ်တရပစ္စည်းများ ပေးအပ်သည်။


ဆက်လက်၍ တက္ကသိုလ်သြဝါဒါစရိယ ဆရာတော်ကြီးများက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်ကြသည်။


ထို့နောက် ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် မော်ကွန်းထိန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဉ္စနက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပါရဂူဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့သင်တန်းများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းမိန့်ကြားပြီး ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာ မိန့်ကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီနှင့် တာဝန်ရှိသူများသည် ဓမ္မဒူတဆေကိန္ဒ တက္ကသိုလ် တည်ထောင်မှုအဆင့်ဆင့် ဓာတ်ပုံပြခန်းများနှင့် တက္ကသိုလ်ရုံးခန်းများကို လှည့်လည် ကြည့်ရှုကြသည်။ 


(သတင်းစဉ်) 

 

123