ဓနုဖြူ   ၁၉  ဖေဖော်ဝါရီ 


ဓနုဖြူမြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်မှုအား ဖေဖော်ဝါရီ ၁၈ ရက်၊ ညနေ ၃ နာရီက ပြုလုပ်ခဲ့သည်။

 

123


ဓနုဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် များဖြင့် ဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ဈေးအတွင်းမီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးမှုများပြုလုပ်ခြင်း၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့သည်။

 

123


လက်တွေ့မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊  မြို့နယ်မီးဘေးတားဆီးရေးအဖွဲ့နှင့် ဈေးသူဈေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)

 

123