ဒိုက်ဦး အောက်တိုဘာ ၂၉

 

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ရွှေလွင်မြေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်က စိုက်ပျိုးထားသော YSR-1 (အောင်နိုင်တိုး)မိုးစပါး စံပြကွက်ရိတ်သိမ်းမှုကို ယမန်နေ့က ပျဉ်းမလွင်ကျေးရွာရှိ တောင်သူ ဦးဇော်ဝင်းသိန်း၏ လယ်မြေ၌ ပြုလုပ်သည်။

 

အဆိုပါ မိုးစပါး စံပြကွက်ရိတ်သိမ်းရာသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံအသင်းသား တောင်သူများက စပါးရိတ်ခြွေစက်ဖြင့် ရိတ်ခြွေနေမှုများကို ကြည့်ရှုပြီး စိုက်ပျိုးထားသည့် YSR-1 (အောင်နိုင်တိုး) စပါးစံပြစိုက်ခင်းကို ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း  အစို ၁၂၅ တင်း၊   အခြောက် ၁၁၀ ဒသမ ၅ တင်း ထွက်ရှိကြောင်း သိရသည်။               

      

သတင်းစဉ်