ဒိုက်ဦး အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ ပြည်သူများအား မကူးစက်ရောဂါအကြောင်းအရာများ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဖောင်တော်သီကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးမိုးအေး၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မကူးစက်ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာ၊ ပန်းနာရင်ကျပ်ရောဂါများကို စစ်ဆေးကုသပေးပြီး အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးတတ်စေရေး၊ ဆေးဝါးများကို အချိန်မှန်မှန်သောက်သုံးစေရေး၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ဆောင်ရေးနှင့် အပတ်စဉ် ကျန်းမာရေးစစ်ဆေး ကုသမှုခံယူရန် ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


