ရန်ကုန်   ဇန်နဝါရီ  

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၅- ၂၀၂၆  ခုနှစ် နွေစပါးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် လက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်က ရွှေလှေချောင်ကျေးရွာအုပ်စု   တောင်သူ  ဒေါ်နန်းအေးထွမ်းပိုင်ဆိုင်သည့်  လယ်မြေဧက ၁၈.၀၀    ပြုလုပ်သည်။

ဦးစွာအခမ်းအနားတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊  ကြေးတိုင်နှင့်  မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာန ကိုယ်စားပြု ခရိုင်ရုံး၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်က  အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်မိုးက ကွင်းသရုပ်ပြပွဲ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး   အခမ်းအနားသို့ တက်ရောက်လာသည့်   ဌာနဆိုင်ရာများနှင့် တောင်သူများက မျိုးစေ့ချကိရိယာ (Drum   Seeder)   ဖြင့်  နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊  ဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ရုံး၊   ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊   မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား  ၉၅  ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  

 ခင်စန္ဒာမြင့်(ပြန်/ဆက်)