အောင်လံ ၁၂ မတ်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သည် မြို့နယ်အတွင်းရှိ ရေတင်လုပ်ငန်း ၄ ခုမှ ၂၀၁၈-၂၀၁၉ နွေသီးနှံအဖြစ် နွေစပါး ၂၉၀ဝ ဧကနှင့် အခြား ၆၀ဝ ဧက စုစုပေါင်း ၃၅၀ဝ ဧကအား ရေပေးဝေရန်လျာထားခဲ့ပြီး ဇန်နဝါရီလ(၁၅)ရက်နေ့မှစတင်၍ ရေပေးဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြစ်ရေတင်လုပ်ငန်းများအနက် ဒုရင်္ဂဗိုလ်မြစ်ရေတင်လုပ်ငန်းမှ ၂၀၁၈ မိုးသီးနှံ(၂၀ဝ၀)ဧကအား အောင်မြင်စွာရေပေးဝေခဲ့ပြီး ယခုအခါ နွေသီးနှံအဖြစ် နွေစပါး(၂၁၀ဝ)ဧကနှင့် အခြား(၅၅၀)ဧက စုစုပေါင်း (၂၆၅၀)ဧကအား စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် ရေတင်အဆင့်(၂) D-2 ပင်မမြောင်းပေါ်ရှိ ရေငုပ်ပြွန်အမှတ်(၄)အား ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ ပြီးစီးပါက အဆိုပါ မြောင်းမကြီးအဖျားပိုင်းရှိ ကသစ်ကန်၊ မင်းကန်၊ လက်ပံကန်ကျေးရွာများရှိ ကြံစိုက်ခင်းများသို့ တိုးချဲ့၍ ရေပေးဝေသွားမည်ဖြစ်ကြောင်း ခရိုင်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)


