နေပြည်တော် ၁၄  မတ် 
        

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Arbitration Chamber Hong Kong-London ၏ Arbitrator ; Mr. Robert S. Pe နှင့် အဖွဲ့အား ယနေ့ ညနေ  ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံ သည်။
    

ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်၌ Hong Kong International Arbitration Centre (HKIAC) ဖွဲ့စည်းတည်ထောင်ထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ပြည်တွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများ မျှတစွာနှင့်ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် အနုညာတ စီရင်ဆုံးဖြတ်ရေးစင်တာ (Arbitration Centre) တည်ထောင်နိုင်မည့် အလားအလာများနှင့် Hong Kong International Arbitration Centre (HKIAC) မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြေကြာင်း သိရသည်။


(သတင်းစဉ်)