နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည်  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်၊ SEEDS Asia မှ Chairman of the board Prof. Rajib Shaw နှင့် Toyo Eiwa University မှ Associate Professor Dr. Aiko Surkural တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SEEDS Asia  တို့ပူးပေါင်း၍ ဟင်္သာတမြို့နယ် နဘဲကုန်းကျေးရွာတွင် လိုအပ်လျက်ရှိသော သဘာဝဘေးကျရောက်ချိန်တွင် ခိုလှုံရာအဆောက်အအုံအဖြစ် အသုံးပြုနိုင်သော မူလတန်း ကျောင်းဆောင်သစ်အား စံနမှုနာသတ်မှတ်၍ သဘာဝဘေးဒဏ်ခံနိုင်သည့် ကျောင်းအဆောက်အဦပုံစံ စံသတ်မှတ်ချက်များ ပေါ်ထွက်လာရေး၊ ဟင်္သာတမြို့နယ်ရှိ ဘဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းနှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)