နန်နင်း နိုဝင်ဘာ ၄

 

China Media Group (CMG)နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံ မိတ်ဖက်မီဒီယာပူးပေါင်း ဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီး ရှမ်းဟိုင် ရှင်းချန် ယဉ်ကျေးမှု မီဒီယာကုမ္ပဏီ လီမိတက်၊ China-ASEAN Artificial Intelligence Collabor-ative Innovation Center နှင့် မိုင်းယွဲ နည်းပညာကုမ္ပဏီ လီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

 

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တရုတ်- မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ပြီး မီဒီယာကဏ္ဍ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကွမ်ရှီး ရုပ်မြင်သံကြားဌာနသို့ သွားရောက်ကာ ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်းများကို ကြည့်ရှုလေ့လာသည်။ ထိုမှ တစ်ဆင့်  ချင်းရှုတောင်တန်းသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်