ကိုကိုးကျွန်း အောက်တိုဘာ၂၅

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းရေးရာကိစ္စများ စနစ်တကျ ဆောင်ရွက်သွားရန် ပြောကြားသည်။

 

ထို့နောက် မြို့နယ်စာကြည့်တိုက်ခန်းမကို ကြည့်ရှုစစ်ဆေးပြီး စာဖတ်သူတိုးပွားရေး အလေးထားဆောင်ရွက်သွားရန်နှင့် သတင်းစာများ အချိန်မီဖြန့်ဝေနိုင်ရေး မှာကြားသည်။

 

ထို့နောက် မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် မုန့်များထောက်ပံ့ပေးခဲ့သည်။

 

ထွန်းထွန်းဇော်