နေပြည်တော် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ အခြေခံ လူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross-Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လပွတ္တာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ၊ ခရိုင်/ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လပွတ္တာခရိုင်အတွင်း ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းကို Cross-Check ပြုလုပ်ထားမှုကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသော ဌာနအသီးသီးမှ တာဝန်ခံအရာရှိများက အထွေထွေဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


