မေ ၂၆
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် သတင်းသမားတစ်ဦးနှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးအပါအဝင် ပါလက်စတိုင်း ၃၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ဂါဇာမြောက်ပိုင်း ဂျာဘာလီရာနှင့် ဘိလာဟီရာမြို့ရှိ လူနေအိမ်များတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် သတင်းသမားတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ဂါဇာတောင်ပိုင်း ခန်ယွန်နစ်မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ဂါဇာအလယ်ပိုင်းတွင် ငါးဦး နှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ညွှန်ကြားရေးမှူးနှင့် ၎င်း၏ဇနီးတို့သေဆုံးခဲ့ပြီး ဒုက္ခသည်စခန်းတွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ ဂါဇာမြို့မြောက်ပိုင်း အယ်လ်ကာရာမာတွင် တစ်ဦးနှင့် မြို့အနောက်ပိုင်း တာလ်အယ်လ်ဟာဝါတွင် တစ်ဦး သေဆုံးခဲ့သည်။
ဂါဇာဒေသတွင် မတ်လ ၁၈ ရက်ကတိုက်ခိုက်မှုများပြန်လည်စတင်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူ ၃၇၈၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၇၅၆ ဦး ရှိကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ဂါဇာဒေသတွင် သတင်းသမားသေဆုံးမှု ၂၂၀ အထိမြင့်တက်လာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


