၂၉ အောက်တိုဘာ

 

 

ဂါနာနိုင်ငံတောင်ပိုင်း ကူမာစီ မြို့တော်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ ရေလွှမ်းမိုးမှုကြောင့် ပြီးခဲ့သည့် နှစ်လတာ ကာလအတွင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့အစည်းက ယင်းသို့ မိုးရွာသွန်းမှုမှာ မကြုံစဖူးဖြစ်ကြောင်းနှင့် ရေလွှမ်းမိုးမှုပြီးနောက် ကျေးလက်ဒေသများတွင် သန့်ရှင်းရေး ပိုမိုလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

 

ဂါနာနိုင်ငံ မြောက်ပိုင်းတွင် အစောပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်လည်း လူ ၂၀ ကျော် သေဆုံးခဲ့သည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့အစည်း က ဒေသခံမီဒီယာကို ပြောကြားခဲ့သည်။

 

 

ဂါနာနိုင်ငံ၏ မိုးရာသီမှာ ပုံမှန်အားဖြင့် မေလမှ အောက်တိုဘာလအထိ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို