၃၁ မေ

 

ဂန့်ဂေါမြို့နယ် တောင်ယာပြင်ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန်ပျက်စီးဆုံးရှုံးသွားပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

ထို့ပြင် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံအုပ်စုနှင့် ကြီးရွာအုပ်စုတို့တွင် မေ ၃၀ ရက် ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတိုင်ခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာတွင် လူနေအိမ် ၁ လုံး ပြိုကျပြီး ၁ အိမ် အမိုးလန်ခြင်း၊ ကြီးရွာအုပ်စု၊ ကြီးရွာတွင် လူနေအိမ် ၅ လုံး အမိုးလန်ပြီး ပေါင်လောင်ကန်ကျေးရွာတွင် လူနေအိမ် ၁ လုံး ပြိုကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN