၃၁ အောက်တိုဘာ
ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါကျွန်းတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုဖြစ်သော ရှူရီရဲတိုက်တွင် အဓိကခန်းမနှင့် အခြားအဆောက်အဦများ မီးလောင်ကျွမ်းပျက်စီးခဲ့သည်။
ရှူရီ ရဲတိုက် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားချိန် ယနေ့မနက် ၂ နာရီ ၄၀ မိနစ်တွင် အရေးပေါ် ဖုန်းခေါ်ဆိုမှုကို နာဟာမြို့ရှိ မီးသတ်ဌာန က လက်ခံရရှိခဲ့သည်။
အဆိုပါ မီးငြိမ်းသတ်ရာ နေရာတွင် မီးသတ်ကားအစီးရေ ၃၀ ရှိသော်လည်း မြောက်ဘက်နှင့် တောင်ဘက် ခန်းမများနှင့် အဓိကခန်းမ အပါအဝင် ထိုရဲတိုက်ဝန်းကျင်ရှိ အဆောက်အဦ ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ယင်းနေရာ၏ စတုရန်းမီတာ ၄၂၀ဝ ပျက်စီးသွားခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားသည်။
ထိုမီးစတင်လောင်ကျွမ်းပြီးနောက် ခုနစ်နာရီကျော်အကြာ မီးလောင်အား လျော့နည်းသွားသော်လည်း ဟိုချင်ဂိတ်မှာ မီးလောင်ကျွမ်းနေဆဲဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ရှူရီ ရဲတိုက်ကို လွန်ခဲ့သောနှစ်ပေါင်း ၅၀ဝ ခန့်က မူလတည်ဆောက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားပြတိုက် တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါတိုက်ပွဲတွင် ဖျက်ဆီးခံခဲ့ရသည်။
အဓိက ခန်းမကို ၁၉၉၂ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး ထိုရဲတိုက်ရှိ အခြားသော အဆောက်အဦများကိုလည်း ပြန်လည်တည်ဆောက်ခဲ့သည်။
မူလရဲတိုက် အကြွင်းအကျန်များနှင့် Ryukyu Kingdom မှ အခြားရဲတိုက်များ၏ အပျက်အစီးများသည် ယူနက်စကို ကမ္ဘာရှေးဟောင်း အမွေအနှစ် နေရာတစ်ခုအဖြစ် ၂၀ဝ၀ ခုနှစ်တွင် သတ်မှတ်ခြင်းခံခဲ့ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


