၁၇ အောက်တိုဘာ

 

 

ဂျပန်ထီးနန်းရဲ့ ဧကရာဇ်အသစ် ဖြစ်လာတဲ့ နာရူဟီတို ထီးနန်းတက်ခြင်းကို ဂုဏ်ပြုချီတက်ပွဲ အခမ်းအနားအား အင်အားပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၈၀ နီးပါး သေဆုံးခဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ ဂျပန်အစိုးရ အသိုင်းအဝိုင်းက ပြောပါတယ်။

 

 

1

 

 

မူလက အောက်တိုဘာ ၂၂ ရက်နေ့မှာ ထီးနန်းတက်ပွဲရဲ့ အခမ်းအနားတွေထဲမှာ ဂုဏ်ပြုချီတက်ပွဲဟာ အစီအစဉ် တစ်ခုအဖြစ် သတ်မှတ်ပြီး ပါဝင်ခဲ့ပေမယ့် ချီတက်ဂုဏ်ပြုပွဲ အစီစဉ်ကို ရွှေ့ဆိုင်းပြီး အခမ်းအနားရဲ့ တခြားအစီအစဉ်တွေဖြစ်တဲ့ ဘာဘာရေးဆိုင်ရာ အစီအစဉ်နဲ့ တော်ဝင်စားတော်ပွဲ အစီအစဉ်တွေကိုတော့ သတ်မှတ်ထားတဲ့အတိုင်း ကျင်းပမယ်လို့ သိရပါတယ်။

 

 

1

 

 

အဲဒီအခမ်းအနားကို နိုင်ငံပေါင်း ၁၉၀ က ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဧကရာဇ် နာရူဟီတို ဟာ မေလ တစ်ရက်နေ့က ထီးနန်းကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

 

1