၁၉ နိုဝင်ဘာ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ စုစုပေါင်းရာထူးသက်တမ်းသည် ရာစုနှစ်တစ်စုကျော်ခန့်က သက်တမ်းအကြာဆုံးဖြင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တာရို ကတ်ဆုရာ၏ စံချိန်ကို ကျော်လွန် သွားကြောင်း သိရသည်။
အာဘေးသည် ဒီကနေ့တွင် တာဝန်ထမ်းဆောင်သည့်ရက်ပေါင်း ၂,၈၈၆ ဖြင့် သမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။
အစိုးရအဖွဲ့အတွင်းရေးမှူး အကြီးအကဲကလည်း အာဘေးအနေနှင့် တာဝန်ထမ်းဆောင်ချိန်အတွင်း စွမ်းဆောင်မှု အောင်မြင်ခဲ့ကြောင်း၊ အာဘေးသည် စီးပွားရေးကို ဉီးစားပေးပြီး ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် ဒေသတွင်း ပြန်လည်ထူထောင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းအနေနှင့် အခြေခံဖွဲ့စည်းပုံ ဉပဒေများပြင်ဆင်ရေး၊ စီးပွားရေး ပြန်လည်သက်ဝင်လာစေရေးနှင့် လူမှုလုံခြုံရေး ပြုပြင်မှုများကို ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ကြောင်းနှင့် မြောက်ကိုရီးယားမှ ဖမ်းဆီးထားသော ဂျပန်လူမျိုးများအရေးနှင့် ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းမှုကိုလည်း တိုးတက်အောင်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်သက်တမ်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်


