၇ စက်တင်ဘာ
ဂျပန်နိုင်ငံအနောက်ပိုင်း နေရာအနှံ့အပြားတွင် တိုင်ဖွန်းလင်းလင် ဝင်ရောက်သဖြင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းနှင့် ဖြစ်ပေါ်နိုင်ချေရှိသော သဘာဝဘေးအန္တရာယ်များကို သတိဝီရိယနှင့် စောင့်ကြည့်ရန် ပြည်သူများအား ရာသီဉတုဆိုင်ရာ တာဝန်ရှိသူများက အကြံပေးပြောကြားထားသည်။
ယင်းတိုင်ဖွန်းမုန်တိုင်းသည် ကိုရီးယားကျွန်းဆွယ်နှင့် နီးကပ်လာပြီဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ယနေ့နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ယနေ့နံနက်ပိုင်းစ၍ မိုးရေချိန် ၅၀ မီလီမီတာနှုန်းဖြင့်ရွာသွန်းနိုင်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောခဲ့သည်။
တနင်္ဂနွေနေ့အထိ ၂၄ နာရီအတွင်း ကျူးရှူဒေသမြောက်ပိုင်းနှင့် ရှင်ကာကူဒေသတို့တွင် မိုးရေချိန် ၁၅၀ မီလီမီတာနှင့်အထက် ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပြီး အိုကီနာဝါဒေသတစ်ခုလုံးနှင့် ကျူးရှူတောင်ပိုင်းတွင် မိုးရေချိန် မီလီမီတာ ၁၀ဝ နှင့်အထက် ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ယင်းမုန်တိုင်းကြောင့် လှိုင်းလုံးကြီးများ၊ လေပြင်းတိုက်ခတ်မှုများ၊ လျှပ်စီးလျှပ်ခြင်း၊ မြစ်ရေကြီးခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


