အေသင်  ဩဂုတ်  ၁၄

ဂရိနိုင်ငံတောင်ပိုင်း ပက်လိုပိုနီစ်ကျွန်းဆွယ်တွင် တောမီးလောင်မှုမှာ   ဒေသခံများနေထိုင်ရာ   လူနေရပ်ကွက်များသို့ ကူးစက်လောင်ကျွမ်းလာသည့်အတွက် နိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်သည့် ပက်ထရစ်တွင်      ဩဂုတ်    ၁၃    ရက်က    အစုလိုက်အပြုံလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်  ဂရိအာဏာပိုင်များက အမိန့်ပေးထားသည်။

သတ်မှတ်ထားသည့်  ခိုလှုံရာနေရာများသို့ ဒေသခံများကို ရွှေ့ပြောင်းပေးခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေဖြင့်  ကလေးဆေးရုံနှင့်  ဘိုးဘွားရိပ်သာတို့ကို    ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာဖြစ်သည့် အက်ခါသိုင်မီရီနီတွင် ဖော်ပြထားသည်။

မီးသတ်အရင်းအမြစ်များ မလုံလောက်မှုကြောင့် တောမီးပျံ့နှံ့လောင်မှုမှာ အခြေအနေဆိုးရွားခဲ့ကြောင်း မြို့တော်ဝန် ကွန်စတန်တီနိုပလက်တိုက်ဒစ်က  ပြောသည်။  ပက်ထရစ်မြို့ အကောက်ခွန်ရုံးရှိ မော်တော်ယာဉ် အစီး ၅၅၀ ခန့် မီးလောင်ပျက်စီးခဲ့ရကြောင်း ပဏာမစစ်ဆေးချက်များအရ သိရသည်။

မီးသတ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗဆဲလစ်ဗာ့ သရာဂိုဂျာနစ်က တောမီးငြှိမ်းသတ်ရေးအခြေအနေမှာ  ခက်ခဲနေဆဲပင်ဖြစ်သည်ဟု  ဩဂုတ် ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ပြီးခဲ့သည့်   ၂၄  နာရီအတွင်း  နောက်ထပ်တောမီး ၄၈ ခု တိုးလာပြီး တောမီး ၃၈ ခုကိုမူ  ထိန်းချုပ်နိုင်ခဲ့ပြီဟု ၎င်းက  ဆက်လက်ပြောကြားသည်။ လွန်ခဲ့သော နှစ်ရက်အတွင်း တောမီးများသည် ဂရိနိုင်ငံတစ်ဝန် းဟက်တာ  ၁၀၀၀၀  ခန့်  လောင်ကျွမ်းခဲ့သည်ဟု အာဏာပိုင်များက ခန့်မှန်း ထားသည်။

ဆင်ဟွာ