အလက်ပို ၁၁ ဇွန်

 

ဆီးရီးယားအစိုးရတပ်များသည် သူပုန်များလက်အတွင်းသို့ ကျရောက်ခဲ့ရသည့် ဧရိယာများကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် လွန်ခဲ့သောသုံးရက်အကြာက စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိကြောင်း စစ်ဘက်ဆိုင်ရာ သတင်းအရင်းမြစ်တစ်ခုက ဇွန် ၁၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 

ထိုသို့တိုက်ခိုက်နေကြောင်းကို အမည်မဖော်လိုသူ ဆီးရီးယားအာဏာပိုင်တစ်ဦးက ရက်အနည်းငယ် အတွင်းက ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ကက်ဟုဒ်မြို့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆီးရီးယားအစိုးရတပ်ဖွဲ့သည် ကက်ဟုဒ်မြို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်းနှင့် သူပုန်လက်အတွင်း ကျရောက်လျက်ရှိသည့် ကျန်မြို့အများအပြားကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ဇွန် ၇ ရက်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဟာမာမြို့မြောက်ပိုင်း အစွန်အဖျားရှိကျေးရွာတွင် မိမိတို့ရောက်ရှိနေပြီး တယ်လ်ဘာလာ၊ ဂျလာမက်နှင့် ဂျူဘာအင် မြို့များဆီသို့ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း၊ ဆီးရီးယားတပ်ဖွဲ့သည် မကြာသေးမီက သူပုန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပိတ်ထားခဲ့ရသည့် မဟာဒက်နှင့် စကွေဘီယက်မြို့အကြားရှိ လမ်းကြောင်းလုံခြုံဘေးကင်းစေရေး ဆောင်ရွက်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

ဆိုပါဧရိယာရှိ ဆီးရီးယားတပ်မတော်ယူနစ်အတွက် ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုအနေဖြင့် အသုံးပြုနေရသည့် အဆိုပါလမ်းကြောင်းသည် ဆီးရီးယားအစိုးရတပ်များအတွက် မဟာဗျူဟာကျသည့် လမ်းကြောင်းဖြစ်သည်။

 

ဆင်ဟွာ