၂၁ နိုဝင်ဘာ

နာမည်ပျက် စာရင်းသွင်းထားသည့် တရုတ်ဆက်သွယ်ရေးကုပ္မဏီကြီးတစ်ခုဖြစ်သည့် ဟွာဝေး၏ ကုန်ပစ္စည်းအချို့ကို ပြန်လည်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အမျိုးသားလုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်ဖွယ်အခြေအနေရှိသည့်အတွက် ပြီးခဲ့သည့် မေလအတွင်းက အမေရိကန်ကုပ္မဏီများကို ခွင့်ပြုချက်မရပဲ ဟွာဝေးကုမ္ပဏီနှင့် စီးပွားရေးပူးပေါင်း မလုပ်ကြရန် အမေရိကန်ပြည်ထောင်စုက တားမြစ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုအကျိုးစီးပွားအတွက် အန္တရာယ်မရှိသည့် အီလက်ထရောနစ် အစိတ်အပိုင်းများနှင့်ပတ်သက်ပြီး ကန့်သတ်ချက်များကို ရုပ်သိမ်းပေးရန် ကုမ္ပဏီ အချို့က တောင်းဆိုခဲ့ကြသည်။

အဆိုပါ တားမြစ်ချက်များမှာ နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ပွားရသည့် ရင်းမြစ်ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း အမေရိကန်ပြည်ထောင်စုသည် ဟွာဝေးနှင့်ပတ်သက်ပြီး အကန့်အသတ်ဖြင့် ခွင့်ပြုထားသည့် ယာယီလိုင်စင်တစ်ခုကိုလည်း သက်တမ်းတိုးမြှင့်ခွင့်ပေးခဲ့သေးသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်