၁၅ နိုဝင်ဘာ

 

ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ဟော့ကိုင်းဒိုး စီရင်စုတွင် ပုံမှန်ထက် ပိုအေးသည် နှင်းမုန်တိုင်း  စနေနေ့အထိ ဝင်ရောက်နိုင်ပြီး  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ  ပြတ်တောက်နိုင်ဟု ဂျပန် မိုးလေဝသ တာဝန်ရှိသူများက သတိပေးလျက်ရှိသည်။

 

အဓိကအားဖြင့် ဂျပန်ပင်လယ်ပြင်ရှိ ဟော့ကိုင်းဒိုး ဒေသများတွင် လေပြင်းမုန်တိုင်းနှင့် ပြင်းထန်သည့် နှင်းမုန်တိုင်းများ ကြုံတွေ့နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ယနေ့ နံနက် ၅နာရီ မတိုင်မီ ဝန်ကန်နိုင်းမြို့တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၉၉ ကီလိုမီတာရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

စနေနေ့တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၉၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းများမှာ ၆ မီတာအထိ မြင့်တက်နိုင်သည်ဟု ဆိုသည်။

 

စနေနေ့ နံနက်ပိုင်းမှစပြီး ၂၄ နာရီအတွင်း ဂျပန်ပင်လယ်ပြင် တစ်လျှောက်တွင် ၅၀ စင်တီမီတာအထိ နှင်းများ ကျမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ပြင်းထန်သည့် လေပြင်းမုန်တိုင်းများနှင့် နှင်းမုန်တိုင်းများကြောင့် သယ်ယူပို့ဆောင်ရေးများ ပြတ်တောက်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် ၄င်းတို့က ပြောကြားလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်