၁၈ နိုဝင်ဘာ
ရဲများနှင့် ဆန္ဒပြသူများအကြား ညတွင်းချင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် ဟောင်ကောင် တက္ကသိုလ်သည် နောက်ဆုံးတွင် စစ်မြေပြင် ဖြစ်လာခဲ့သည်။ ရဲများက ယနေ့ နံနက် အစောပိုင်းက တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်။
ရဲများက မျက်ရည်ယိုဗုံးနှင့် ရေသေနတ်များ အသုံးပြုပြီး ဖြိုခွင်းသဖြင့် ဟောင်ကောင် ပိုလီ တက္ကနစ် တက္ကသိုလ်မှ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်သည့် ဝင်ပေါက်တစ်ခုအား မီးရှို့မှု ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူ အချို့၏ အခြေအနေများကို ထိန်းချုပ်ရန်အတွက် ပတ်ဝန်းကျင်ရှိ လမ်းများကို ရဲတပ်ဖွဲ့က ပိတ်ထားလျက်ရှိသည်။
တနင်္ဂနွေနေ့ညအတွင်း မြို့တစ်မြို့မှ အခြားမြို့များသို့ ဆန္ဒပြမှုများ ပျံ့နှံ့ခဲ့သည်။
ဆန္ဒပြသူများသည် သံချပ်ကာ ကားတစ်စီးအတွင်း ဓာတ်ဆီပုံးများဖြင့် ပစ်ပေါက်ရန်လည်း ကြိုးစားခဲ့ကြသေးသည်။
နှစ်ဖက်စလုံးမှ နောက်ပြန်လှည့်မည့် လက္ခာများ မရှိသည့်အတွက် အငြင်းပွားမှုများမှာ ပိုမို ဆိုးဝါးလာလျက်ရှိသည်။
ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး မြှားတစ်စင်းဖြင့် ပစ်ခတ်ခံရပြီးနောက် ကျည်အစစ်များဖြင့် ပစ်ခတ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က သတိပေးလျက်ရှိသည်။
ပြီးခဲ့သည့်အပတ် ဆန္ဒပြပွဲများ စတင်ကတည်းက ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့က ရဲအရာရှိ တစ်ဉီးက ဆန္ဒပြသူများအား သေနတ်ဖြင့် ပစ်ခတ်သဖြင့် မြို့အနှံ့အပြားတွင် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည်။
ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုအတွင်း အသက် ၇၀ အရွယ် အဘိုးအို တစ်ဉီးသည် အုတ်ခဲထိမှန်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
အချို့သော ကောလိပ်ကျောင်းများတွင် အတန်းများကို ဖျက်သိမ်းလိုက်ပြီး ကျောင်းများကို ပိတ်ထားမည် ဖြစ်သည်။
ဆက်လက် ဖြစ်ပွားနေသည့် လူထုအုံကြွမှုများ အတွင်းမှ ဒေသန္တရ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၂၄ ရက် အတွင်းတွင် ကျင်းပရန် သတ်မှတ်ထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


