ဟောင်ကောင်အစိုးရအနေဖြင့် မိမိပိုင်နက်အတွင်းရှိ လူ့အခွင့်အရေးများကို ကာကွယ်ရန်အတွက် အမေရိကန်ပြည်ထောင်စု၏ ဉပဒေကြမ်းပြဌာန်းမှုများအပေါ် နောင်တရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂါနေ့အတွင်းက အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဉပဒေကို အတည်ပြုပြီးနောက် ဟောင်ကောင် အစိုးရက လူ့အခွင့်အရေးကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား အဆိုပါ ကြေညာချက်မှာ ဉပဒေပြုဆက်ဆံရေးကို ထိခိုက်စေကြောင်း သတိပေးထားသည်။
ဆန္ဒပြပွဲများနှင့် ဆန္ဒပြအကြမ်းဖက်မှုများသည် တရားမဝင်ဖြစ်လာပြီး ရဲများသည်လည်း ဆန္ဒပြသူများကို ထိန်းချုပ်ရာတွင် ဉပဒေနှင့်ကိုက်ညီမှုရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံခြား လွှတ်တော်တစ်ခုက ဟောင်ကောင်၏ ပြည်တွင်းရေးကို မည်သည့်နည်းဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမျိုးကိုမှ လက်မခံနိုင်ကြောင်း အဆိုပါ ကြေညာချက်တွင် ထိုဉပဒေကို ရှုတ်ချထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


