ဟောင်ကောင် ၂၂ နိုဝင်ဘာ
ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ သည့် ဟောင်ကောင်၌ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီဖော်ဆောင်ရေး ထောက်ခံသည့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က တစ်ခဲနက်အတည်ပြုလိုက်ကြောင်း သိရသည်။


အဆိုပါ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က နိုဝင်ဘာ ၁၈ ရက်တွင် အတည်ပြု ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက် သည့် တရုတ်အရာရှိများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အဆိုပါ ဥပဒေက ခွင့်ပြုမည်ဖြစ် သည်။


ဥပဒေအတည်ပြုရေး တိုက်တွန်း
အဆိုပါ ဥပဒေသည် ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို အမေရိကန်က ထောက်ခံကြောင်း ပြသသည့် ဥပဒေ တစ်ရပ်အနေဖြင့် မြင်တွေ့ရပြီး အဆိုပါ ဥပဒေကို အတည်ပြုရေး တိုက်တွန်းရာ အမေရိကန်လွှတ်တော် ၏ ကြားနာမှုကို ဟောင်ကောင်အရေးလှုပ်ရှားသူတချို့ တက်ရောက်ခဲ့ကြသည်။


အထက်လွှတ်တော်နှင့် အောက် လွှတ်တော်မှ ကိုယ်စားလှယ်များသည် အတည်ပြုလိုက်ပြီဖြစ်သည့် အဆိုပါ မူကြမ်းကို သမ္မတဒေါ်နယ်ထရမ့်ဆီသို့ မပေးပို့မီ ၎င်းတို့၏ သဘောထား များကို ဆွေးနွေးဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။


အင်န်အိတ်ခ်ျကေ