နေပြည်တော်  ၂၄   နိုဝင်ဘာ

 

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်က ကျောက္ကချားကျေးရွာ၏ အနောက်မြောက်ဘက် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၂၂ ဧကခန့်အား ဖျက်စီးခဲ့သည်။

 

 

အလားတူ ပင်လောင်းမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်အယ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာနှင့် အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင် ၁၁ ဧကခန့်၊ တင်းထက်ကျေးရွာအနောက် မြောက် ၁ မိုင်ခန့် အကွာတို့တွင် အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧကခန့် စုစုပေါင်း ၂၄ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

 

ထို့အပြင် မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးနဲမြို့၏ အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ နောက်လိုင်ကျေးရွာအနီး၌ အမြင့် ၁၀ လက်မခန့် အပင်ပေါက် ဘိန်းစိုက်ခင်း ၁၉ ဧက ခန့်၊ နောင်ပယ်ကျေးရွာ၏တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၀ ဒသမ ၂ ဧကခန့် စုစုပေါင်း ၁၉ ဒသမ ၂ ဧက ခန့်အားလည်းကောင်း၊ အလားတူ လင်းခေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည် မိုးနဲမြို့နယ်၊ ဝမ်ကျူကျေးရွာအနီးတစ်ဝိုက်၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက် ခင်း ၄ ဒသမ ၅ ဧက ခန့်၊ မိုင်းပန်မြို့မရဲစခန်းမှ ဒုရဲအုပ် နေလင်းဦး ဦးစီးပူးပေါင်းအဖွဲ့မှ မိုင်းပန်မြို့နယ် ကုန်းဆုံးကျေးရွာ၏တောင်ဘက်  ၂ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MND