ဟိုပုံး အောက်တိုဘာ ၂၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား တာဝန်ရှိသူများက အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၇၄ ဒသမ ၉၈၇ သန်းဖြင့် ဆောင်ရွက်သည့် အောင်ပွဲ-ကုန်းတလေး-တဖူးကိုင်း-လွယ် တဝိုင်း-ဟိုနမ့်လမ်း မြေသားလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၃)မိုင်ကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၁၅ ဒသမ ၆၃၅ သန်းဖြင့် ဆောင်ရွက်သည့် ကုန်းသာ-လွယ်တဝိုင်း-ချေးပေး-ဒုံမေးခိုး-နမ့်ပါချီး-ညောင်မွန်း လမ်းမြေသားလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင်ကို လည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)