ဟင်္သာတ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရများ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်သည်။
ဦးစွာ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးနေမှုကို ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်း ၃၅၄ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၄၉၃၆ ဦးတို့အား နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျောင်းတွင်း အာဟာရကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


