ဟင်္သာတ ၁၂ မတ် 

 

ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေတို့ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများကို ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျုံဖားအုပ်စု၊ ပေပင်ကွင်းကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် အခြားတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နေမှုကို လည်းကောင်း၊ မြို့ကွင်းအုပ်စု ပေကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် အဆိုပါကျေးရွာများရှိ စီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့များနှင့်တွေ့ဆုံ၍ စီမံကိန်း ရေရှည်အောင်မြင်ရေးနှင့် လုပ်ငန်း၏ အားသာချက်၊ အားနည်းချက်၊ အကျိုးရလဒ်များကို ဆွေးနွေးမေးမြန်းပြီး တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

31202019