ဟင်္သာတ ဇန်နဝါရီ ၂

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

 

ပြိုင်ပွဲတွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က စံပြ မိခင်နှင့် ကလေးပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။

 

ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် ဟင်္သာတခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက မွေးစမှ အသက်ခြောက်လအထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သည်။

 

ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်က အသက်ခြောက်လမှ နှစ်နှစ်အထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က စံပြမိခင်ဆုရရှိသူများအား ဆုများချီးမြှင့်ကြပြီး ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

အဆိုပါအခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်မိခင်နှင့် ကလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အားဖြည့် အစားအစာများ၊ ဆေးဝါးများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)