ဇီးကုန်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ပဲခူးတိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့နှင့် ပူးပေါင်း၍ ရွေ့လျားအဖွဲ့ဖြင့် တီဘီရောဂါ ရှာဖွေခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂၈ ရက်က ယင်းမာပင် ကျေးရွာ၌အခြေပြု၍ ဆောင်ရွက်ခဲ့ရာ ယင်းမာပင်ကျေးရွာ၊ လုံ့လကျေးရွာ၊ ရွှေကြို့ပင်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာများမှ တီဘီသံသယရှိသောလူနာစုစုပေါင်း ၁၅၈ ဦးအား တီဘီရောဂါ ရှိ၊ မရှိ Digital X-ray ဖြင့် စစ်ဆေးခဲ့သည်။
တာဝန်ယူကုသ
အဆိုပါ စစ်ဆေးမှုတွင် တီဘီသံသယလူနာ စုစုပေါင်း ငါးဦး (အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး)၊ Active TB (Primary Complex) လူနာ အမျိုးသမီး နှစ်ဦး တွေ့ရှိခဲ့ပြီး လိုအပ်သော ပြုစုကုသမှုများ ရရှိရန် မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ယူကုသမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


