ဇီးကုန်း ၂၈    ဩဂုတ် 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဂုံးလမ်း၌ ဩဂုတ်လ ၂၇ ရက် ည ၁၀ နာရီခွဲ ခန့်က ခြင်ဆေးခွေ ထွန်းထားရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


အဆိုပါ မီးလောင်ရာသို့ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးသိန်းထွေး ဦးစီး၍ တပ်ဖွဲ့ဝင် (၁၃)ဦးနှင့် ပတ်ဝန်းကျင်မှ ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ 


မီးလောင်မှုကြောင့် (၁၅ပေ x ၁၅ပေ) သွပ်မိုး၊ ထရံကာ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ခြင်ဆေးခွေမီးအား ပေါ့ဆစွာအသုံးပြုသူ မသီတာထက်အား ဇီးကုန်းမြို့မရဲစခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်