ဇလွန် ၁၄ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ၁၃၈၀ ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး၏ မြောက်ဘက်စောင်းတန်း မုခ်ဦးရှေ့၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းအနေဖြင့် ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တက်ရောက်လာသော တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နာယကဆရာတော်ကြီးထံမှ သြဝါဒကထာ နာကြားခဲ့သည်။
မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ၏ ၁၃၈၀ ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၁၄ ရက်မှ ၂၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ၊ ငွေသန်း (ဇလွန်)


