ဇီးကုန်း  ၂   နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ဝက်စာပိုးကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/)နှင့် (၁၃၁/) အကြားတွင် ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်က ပြည်ဘက်မှရန်ကုန်ဘက်သို့ မြင့်သန်းဦးမောင်းနှင်၍ ပြည်စိုးအောင်၊ ချစ်မင်းအောင်တို့ လိုက်ပါလာသော ယာဉ်သည် လမ်းချော်ပြီး လမ်းညာဘက်ခြမ်းရှိ သစ်ပင်အား ဝင်တိုက်မိခဲ့သည်။

 

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း မြင့်သန်းဦးမှာ ကားခေါင်းအတွင်းညပ်နေသဖြင့် ဇီးကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မေတ္တာရှင်နာရေးကူညီမှုအသင်း၊ ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့၊ အုတ်ဖိုမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းနှင့် ပြည်သူများပူးပေါင်းကာ ကားအတွင်းညပ်နေသူအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ  ဒဏ်ရာရရှိသူသုံးဦး (မစိုးရိမ်ရ)ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

 

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းမြင့်သန်းဦးအား ဇီးကုန်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

 

တင့်ဆွေ(ပြန်/ဆက်)