ပုသိမ် ဒီဇင်ဘာ ၂

 

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်က အထက(၆) ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ ကျင်းပရာ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၀၀ ခန့်တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တပ်ဖွဲ့မှူး၊ ပုသိမ်နယ်မြေစခန်းမှူးနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့က အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)