ကျောက်ဆည် ၁၁ မတ်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏ နယ်မြေများတွင် မှုခင်းများလျော့နည်း ပပျောက်စေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင်၊ ဆည်ရွာကျေးရွာ၊ ရွှေဆည်တိုက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မတ် ၁၀ ရက် ညနေ ၅ နာရီက မှုခင်းအသိပညာပေး လုပ်ငန်းများ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။     


ရှေးဦစွာ ဆည်ရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းက ဟောပြေပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပုလိပ်နယ်မြေစခန်းမှူး ရဲအုပ်လှညွှန့်က ကျေးရွာများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အရက်သေစာ မူးယစ်ရမ်းကားခြင်းနှင့် နောက်ဆက်တွဲပြဿနာများ၊ ယာဉ်စည်းကမ်း မလိုက်နာခြင်း၏ ဆိုးကျိုးများ၊ သက်ငယ်မုဒိမ်းဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရာများအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပုလိပ်တိုက် နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်းဝင်းက  ကူးစက်ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ကုသခြင်း လုပ်ငန်းများအကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၏ အရေးကြီးပုံများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း ခရိုင် (ပြန်/ဆက်)မှ သိရှိရသည်။


MDN