ကော့ကရိတ် ၂၉  နိုဝင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကားတစ်စီး မီးလောင်ကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေ၊ ယာဉ်ထိန်းရဲတပ်စု (၇၁)မှ ဒုရဲအုပ် အောင်သူမင်းနှင့် အဖွဲ့၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးအောင်ရဲမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ၂၈ရက်နေ့ မွန်းလွဲ၁၃နာရီ၁၀မိနစ်က ကော့ကရိတ်မှမြဝတီဘက်သို့ ယာဉ်မောင်း (အမည်နေရပ်လိပ်စာစုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ်3K/----- ပရိုဘောက်အမျိုးအစား (အဖြူရောင်) ယာဉ်သည် တောနော်ရေတံခွန်အနီး အခင်းဖြစ်ရာနေရာအရောက်တွင် အင်ဂျင် အပူရှိန် လွန်ကဲ၍ ယာဉ်မီးလောင်ကျွမ်း ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင်  လုံးဝမီးငြိမ်းသွားခဲ့သည်။

 

အဆိုပါ ယာဉ်မီးလောင်မှုအား ကော့ကရိတ်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)