ကော့ကရိတ် ဇန်နဝါရီ ၂

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်ရှိ ပြည်သူများထံသို့ စားသုံးဆီများ ရောင်းချပေးနေမှုကို ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထိုသို့ ရောင်းချရာတွင် အမှတ်(၅)ရပ်ကွက်ရှိ အခြေခံစားသုံးသူပြည်သူများအား စားသုံးဆီ တစ်ပိဿာ ငွေကျပ် ၈၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၀၀ တို့အား တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ဆက်လက်၍ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများသို့ ရောင်းချပေးလျက်ရှိသည်။

 

အဆိုပါ စားသုံးဆီများ လှည့်လည်ရောင်းချပေးမှုအပေါ် လာရောက်ဝယ်ယူသူပြည်သူများအား လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်”အသိပညာပေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)