ကောလင်း   ၂၇   စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်ရှိ ထာဝရ ကုမ္ပဏီရွှေသတ္တုတူးဖော်ရေးမှ ဝန်ထမ်းတစ်ဦးရေနစ်သေဆုံးသွားကြောင်း သိရသည်။

 

ယမန်နေ့  မွန်းလွဲ ၁ နာရီခွဲက   ကောလင်းမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူး ငွေမျိုးမြင့်နီ ဦးစီးသောအဖွဲ့သည် လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကောလင်းမြို့နယ်အတွင်းရှိ ထာဝရရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီမှဝန်ထမ်းဖြစ်သူ စိုးမိုးလွင်ဆိုသူသည် စက်တင်ဘာ ၂၄ ရက်နေ့ ညနေ  ၄ နာရီခွဲ အလုပ်သိမ်းချိန်တွင် ၎င်းနေထိုင်ရာ အလုပ်သမားတဲနှင့် ပေ ၁၀ဝ ခန့်ဝေးသော ရေကန်ထဲတွင် ရေစုတ်မော်တာပန့်အား မိုကာအုပ်ရန် တစ်ဦးတည်း ရေကူးသွားခဲ့ရာပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန့်တွင် ကန်အတွင်းရှာဖွေရာရေနစ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးသိရှိနှိုင်ရန်သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)