ရန်ကုန် ၂၃ ဖေဖော်ဝါရီ  


         
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖော်ဆောင်ပြီးသော ပညာရေး၊ ကျန်းမာရေး၊ မီးလင်းရေး၊ စာကြည့်တိုက် စသောစီမံကိန်းလုပ်ငန်းခွဲများကို သက်ဆိုင်ရာဌာနများသို့ ဖေဖော်ဝါရီ ၂၂ ရက် မွန်လွဲပိုင်းက  အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး၌ လွဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

 

"ကျွန်တော်တို့အနေနဲ့က စီမံကိန်းလုပ်ငန်းခွဲတွေကို လူထုဗဟိုပြုအနေနဲ ကောမှူးမြို့နယ်ရဲ့ကျေးရွာတွေမှာ ဖော်ဆောင်ပေးနေတာပေါ့။ ဖော်ဆောင်ပြီးဖြစ်တဲ့ စီမံကိန်းလုပ်ငန်းခွဲတွေကို ရေရှည်မှာ ဆက်လက်ပြီးထိန်းသိမ်းစောင့်ရှောက်ဖို့က မလွယ်ဘူးလေ ဒါကြောင့် သက်ဆိုင်ရာဌာနတွေကို လုပ်ငန်းအမျိုးအစားအလိုက် လွဲပေးလိုက်တာပါ။ သူတို့အနေနဲ့က သက်ဆိုင်ရာဌာန ဘတ်ဂျက်ရန်ပုံငွေနဲ့ ပြင်ဆင်ထိန်းသိမ်းတာတွေကို ဆက်လက်လုပ်ဆောင်လို့ရအောင် လွှဲပြောင်းပေးအပ်လိုက်တာပေါ့" ဟု ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးကျော်ညီညီထွန်းက ပြောသည်။

 

ထိုလုပ်ငန်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  လူထုဗဟိုပြု စီမံကိန်း၏ ဒုတိယနှစ်နှင့် တတိယနှစ်စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားသော စီမံကိန်းလုပ်ငန်းများဖြစ်ကြောင်း၊ လွဲပြောင်းမှုတွင် ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု (၁၈) ခု၊ ပညာရေး ဆောင်ရွက်ပေးမှု (၃)ခု၊ ကျေးရွာ မီးလင်းရေးလုပ်ငန်းဆောင်ရွက်ထားမှု (၈)ခု၊ ကျေးရွာ စာကြည်တိုက်ဖော်ဆောင်မှု(၁)ခုအပါဝင် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၃၀)ခုအား ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မှတာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနများ သို့လုပ်ငန်းအလိုက်လွှဲပြောင်ပေးအပ်ကြောင်း၊ ပထမနှစ်စက်ဝန်းတွင်လည်း ကဏ္ဍအလိုက်ဖော်ဆောင်မှုကို လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။


  
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓာတ်ပုံ-မျိုးကြီး

 

received_2098