ကြံခင်း ၁၈ မတ်

 

ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် ( ၁၊ ၂) ဖွင့်လှစ်ခြင်းကို  ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ အထကကျောင်း၌ ပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲ နာယကကိုယ်စား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်ခင်ချိုမှ သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

သင်တန်းတွင် သင်တန်းသား သင်တန်းသူများအတွက် ဦးထုပ်၊ လည်စီးတို့အား အလှူရှင်များ၏  လှူဒါန်းမှုကို အသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းမှ လက်ခံခဲ့ကြောင်း သိရသည်။

 

ပို့ပို့ (ပြန်/ဆက်)