ကော့သောင်း အောက်တိုဘာ ၂၃

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ယုဇနဆီအုန်းကုမ္ပဏီ၌ နေထိုင်လျက်ရှိသော ဆီအုန်းခြံလုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (Smart Card)များ ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၂ ရက်က ကွင်းဆင်းဆောင်ရွက်ကြသည်။

 

အဆိုပါ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ခမောက်ကြီးမြို့ ယုဇနဆီအုန်းကုမ္ပဏီ၌ နေထိုင်လျက်ရှိသော ဆီအုန်းခြံ လုပ်သား ၂၇၈ ဦးအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် လိုအပ်သည့် အချက်အလက်များအား စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ မှတ်ပုံတင်(လဲလှယ်)သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်၍ UID (Smart card)များ တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်ဇင်၊ ခမောက်ကြီးတပ်နယ် ဒုတပ်မမှူး ဗိုလ်မှူးကြီး‌ ကျော်မြင့်ဦး၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးတို့က ကြည့်ရှုအားပေးပြီး ကာယကံရှင်များထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်UID ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)