ကော့သောင်း ၁၁ အောက်တိုဘာ
ကော့သောင်းမြို့တွင် CMRS လူထုအခြေပြုစောင့်ကြည့်သတင်းပို့စံနစ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက တရားမဝင်မီးသွေးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နံနက်ပိုင်းက ဦးထွန်းထွန်းဝင်း မောင်းနှင်လာသည့် ယာဉ်ဖြင့် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ ချောင်းဖျားကြီးကျေးရွာမှ တရားမဝင်မီးသွေးများ တင်ဆောင်လာကြောင်း သတင်းအရ ကော့သောင်းခရိုင်သစ်တောဦးစီးဌာန တာရှိသူများအဖွဲ့ မှ ကော့သောင်းမြို့အဝင်တွင် စောင့်ဆိုင်းနေစဉ် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့အဝင် ရွှေပြည်စိုးကျေးရွာအုပ်စု (၇)မိုင်ကျေးရွာ၊ အိမ်တစ်ဆောင်တွင် မီးသွေးအိတ်များချနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးထွန်းထွန်းဝင်းအား သစ်တောဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


