ဖယ်ခုံ ၁၈ ဖေဖော်ဝါရီ


ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်းတိုင်းရင်းသားလူမျိုးရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းက ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ရီနွဲ့ကျေးရွာအုပ်စု စိန်မော့ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၃၈ ဒသမ ၈၈) သန်းဖြင့် ရွှေပြည့်စုံ ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသော အခြေခံပညာမူလတန်းကျောင်းသစ် ဆောက်လုပ်ရန် ဖောင်ဒေးရှင်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား ပညာရေးဌာန၊ ကျောင်းကော်မတီနှင့် တာဝန်ရှိကုမ္ပဏိတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


ထို့နောက် ယန်းယောကျေးရွာမှတဆင့် လန်းကောကျေးသစ်/ရွာဟောင်းများသို့ ရောက်ရှိပြီး ကျေးရွာအနီးရှိ ရေတံခွန်အား သဘာဝခရီးသွား ဒေသဖော်ဆောင်ရန် ကြည့်ရှုစစ်ဆေးခြင်း၊ အဆိုပါ စိန်မော့-ယန်းယော-လန်းကောကျေးရွာများနှင့် ဖြတ်သန်းသွားလာသော ပတ်ဝန်းကျင် ကျေးရွာများအား မြေသားလမ်းမှ ကျောက်ချော လမ်းအဆင့်မြင့်တင်ခြင်းဆောင်ရွက်ရန် တိုင်းတာခြင်းလုပ်ငန်းမျာ းဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် လန်းကောကျေးရွာ(သစ်)၊ လန်းကောကျေးရွာ(ဟောင်း)၊ ယန်းယောကျေးရွာ တို့တွင် ဒေသခံတိုင်းရင်းသားများနှင့် ကျေးရွာအလိုက် အသီးသီးတွေ့ဆုံ၍ ကျေးရွာ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအားလျှက်စစ်မီးရရှိရေး၊ ရေရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် တင်ပြဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက အသီးသီးအကြံပြုရှင်းလင်း ပြောကြားခဲ့ကြသည်။


အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်း တိုင်းရင်းသားလူမျိုးရောဝန်ကြီးဦးခွန်းအေားမောင်၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ကိုထွေး(ဖယ်ခုံ)